လက်ရှိအချိန်တွင် လူနာတင်ယာဉ်များဖြင့် အခကြေးငွေအမြောက်အမြား တောင်းခံခြင်းနှင့် အလွဲသုံးစားပြုမူခြင်းများကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်ဆေးရုံကြီးတွင် ပရဟိတအသင်းများစုပေါင်း၍ လူနာရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းပြော ရေးဆိုခွင့်ရှိသူ မရွှေလဲ့က ပြောကြားသည်။နွမ်းပါးလူနာရှင်များနှင့် ရုပ်အလောင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်းနှင့် ပရဟိတမောင်နှမများ စုပေါင်း၍ အခကြေးငွေမဲ့ (သို့မဟုတ်) သဒ္ဓါကြေးဖြင့်သာ ကူညီပေးမည့် ပရဟိတအသင်းများ၏ စာရင်းနှင့် ဖုန်းနံပါတ်များကို လူနာရှင်များ မြင်သာစေရန် ရန်ကုန်ဆေးရုံကြီးတွင် ဗီနိုင်း (Vinyl) ချိတ်ဆွဲထားရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် နွမ်းပါးလူနာရှင်များနှင့် ရုပ်အလောင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ပရဟိတအသင်းများ ပူးပေါင်းဆောင်ရွက်မည်
Jun 05 • 10:24 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


