ယခုနှစ်ဘောလုံးရာသီတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေသည့် MNL U-20 League 2026 ၏ Week-3 ပွဲစဉ်များကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ ကျင်းပသွားတော့မည်ဖြစ်သည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်သည်။ယခု Week- 3 တွင် အမှတ်ပေးဇယား အပြောင်းအလဲဖြစ်စေနိုင်သည့် အကြိတ်အနယ်ပွဲစဉ်များပါဝင်နေပြီး အဓိကစောင့်ကြည့်ရမည့် ပွဲစဉ်များအနေဖြင့် (၂)ပွဲကစား (၂)ပွဲနိုင်ရလဒ်ဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် Galaxy FC နှင့် အမှတ်ပေးဇယားအဆင့်(၃)နေရာ၌ ရပ်တည်နေသည့် ISPE FC တို့ထိပ်တိုက်တွေ့ဆုံမည် ဖြစ်သည်။အလားတူ နိုင်ပွဲရရှိရန် ရုန်းကန်နေရသည့် နာမည်ကြီး ဒဂုံစတားယူနိုက်တက်နှင့် Falcon FC တို့၏ ပွဲစဉ်အပါအဝင် ရလဒ်ကောင်းရရှိရန် ကြိုးစားနေသည့် ရတနာပုံအက်ဖ်စီနှင့် မြဝတီအက်ဖ်စီတို့လည်းထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။
| 29 | 0 | 0 | 0 |


