မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သင်္ဘောဆိပ်ဟောင်း၌ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကာ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Jun 05 • 10:18 AM
မြန်မာ
မွန်
မျှဝေမည်
| 17 | 0 | 0 | 0 |


