back

မဲခေါင်-လန်ချန်း သတင်းတုတိုက်ဖျက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Jun 05 • 10:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဲခေါင်-လန်ချန်း သတင်းတုတိုက်ဖျက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် ဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် ဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါ ဖိုရမ်ကို ဇွန် ၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် တက်ရောက်ခဲ့သည်။

news-view-count-icon

22