back

ရခိုင်ပြည်နယ်တွင် မိုးဦးကျမှိုများစားသုံးရာမှ အစာအဆိပ်သင့်မှုများ ဆက်တိုက်ဖြစ်ပွားနေ

Jun 05 • 6:35 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်တွင် မိုးဦးကျမှိုများစားသုံးရာမှ အစာအဆိပ်သင့်မှုများ ဆက်တိုက်ဖြစ်ပွားနေ

ရခိုင်ပြည်နယ်အတွင်း မိုးဦးကျကာလ၌ ထွက်ရှိသော မှိုများကို ခူးယူစားသုံးရာမှ အစာအဆိပ်သင့်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက မြောက...

ရခိုင်ပြည်နယ်အတွင်း မိုးဦးကျကာလ၌ ထွက်ရှိသော မှိုများကို ခူးယူစားသုံးရာမှ အစာအဆိပ်သင့်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ်ရှိ မိသားစုဝင် ၆ ဦးသည် လယ်ကွင်းအတွင်းမှ ခူးယူလာသော မှိုများကို ချက်ပြုတ်စားသောက်ပြီးနောက် မူးဝေအော့အန်ကာ အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပြီး ညနေပိုင်းတွင်မှ ပြန်လည်သက်သာသွားခဲ့သည်။ အလားတူ မေလတတိယပတ်အတွင်းကလည်း ကျောက်တော်မြို့နယ်ရှိ ကျေးရွာအချို့တွင် မှိုစားသုံးမိ၍ မိသားစုလိုက် အစာအဆိပ်သင့်ကာ ဆေးကုသမှုခံယူခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

မိုးဦးကျထွက်ရှိသည့် မှိုများတွင် အဆိပ်ပြင်းသောမှိုများ ပါဝင်တတ်သဖြင့် စားသုံးရာ၌ သေချာနားလည်သိရှိသူများကို ပြသ၍ အထူးသတိထားစားသုံးသင့်ကြောင်း၊ အဆိပ်ရှိမှိုများကို မှားယွင်းစားသုံးမိပါက ပြင်းထန်သော ဝေဒနာခံစားရသည့်အပြင် သတိလစ်ခြင်းနှင့် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း ဒေသခံများနှင့် ကျန်းမာရေးကဏ္ဍ လေ့လာသူများက သတိပေးထားကြသည်။

news-view-count-icon

45