ရန်ကုန်၌ ဆူးလေမှ ဒလသို့ သွားလာနေသည့် ခရီးစဉ်လမ်းကြောင်းများအနက် နောက်ထပ်လမ်းကြောင်းအသစ်အဖြစ် ဆူးလေမှ ဒလ (ချယ်ရီသင်္ဘောဆိပ်) သို့ YBS ယာဉ်လိုင်းကို ထပ်မံတိုးချဲ့ပြေးဆွဲပေးတော့မည် ဖြစ်သည်။ ယခုကဲ့သို့ ပြေးဆွဲပေးခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း ချယ်ရီသင်္ဘောဆိပ်မှတစ်ဆင့် သဗ္ဗန် (စက်လှေ) များစီးနင်း၍ မြစ်ကူးရမည့် အန္တရာယ်ရှိလှသော အခြေအနေကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ယာဉ်လိုင်းပြေးဆွဲမည့် လမ်းကြောင်းများမှာ ဆူးလေ၊ အနော်ရထာလမ်း၊ လမ်း (၃၀)၊ ကုန်ဈေးတန်း၊ လသာ၊ အရေးပေါ်၊ ဒလ-တွံတေးလမ်းဆုံ၊ ဆရာစံ၊ ဗိုလ်ချုပ်ပန်းခြံ၊ ဒလစာတိုက်မှတစ်ဆင့် ချယ်ရီသင်္ဘောဆိပ်အထိ ဖြစ်ပြီး၊ အပြန်လမ်းကြောင်းအဖြစ် ဒလစာတိုက်၊ ဗိုလ်ချုပ်ပန်းခြံ၊ ဆရာစံ၊ ဒလ-တွံတေးလမ်းဆုံ၊ အရေးပေါ်၊ မဟာဗန္ဓုလလမ်း၊ လသာသိမ်ကြီးဈေးမှတစ်ဆင့် ဆူးလေသို့ ပြေးဆွဲပေးမည် ဖြစ်ရာ ချယ်ရီသင်္ဘောဆိပ်၊ ဆူးလေနှင့် တွံတေးဘက်သို့ သွားလာမည့်သူများ ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒလ-တွံတေး လမ်းကြောင်းကို YBS ပြေးဆွဲပေးခဲ့ပြီးဖြစ်ရာ လက်ရှိတွင် ဒလမြို့နယ်မှ ဆူးလေ၊ တွံတေး၊ ဗိုလ်တထောင်ဘုရား၊ ပျော်ဘွယ်ကြီး စသည့်နေရာများသို့ ပြေးဆွဲပေးနေသည့် YBS လိုင်း စုစုပေါင်း (၅) လိုင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
Jun 05 • 3:47 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 81 | 0 | 0 | 0 |


