မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-9 ပြီးမြောက်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဇွန်လ ၄ ရက် (ယနေ့) အထိ လာရောက်အပ်နှံ တက်ရောက်လျက်ရှိရာ စုစုပေါင်း ၂၀၈ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်ထံမှ သိရသည်။ အတန်းအလိုက် တက်ရောက်မှုစာရင်းများမှာ ပထမနှစ် (Grade-10) တွင် ၃၇ ဦး၊ ဒုတိယနှစ် (Grade-11) တွင် ၈၄ ဦးနှင့် တတိယနှစ် (Grade-12) တွင် ၇၈ ဦး ရှိပြီး ၎င်းတို့သည် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာရပ်များကို အသီးသီး ရွေးချယ်တက်ရောက်နေကြခြင်းဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ ဤကဲ့သို့သော အထက်တန်းကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ (၃) နှစ်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပြီးစီးပါက လုပ်ငန်းခွင်အသင့်ဖြစ်စေမည့်အပြင် သတ်မှတ်အရည်အချင်းကိုက်ညီပါက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များသို့ လွယ်လင့်တကူ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


