သင်္ကြန်ကျော်ကာလမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ (၇) ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ တစ်လခွဲကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော်အထိ ကျဆင်းသွားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ သတ်မှတ်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron လျှင် ၄,၃၄၅ ကျပ်၊ ဓာတ်ဆီ 95 Ron လျှင် ၄,၃၈၅ ကျပ်၊ ဒီဇယ်လျှင် ၄,၂၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်လျှင် ၅,၁၁၅ ကျပ် အသီးသီးဖြစ်ကြသည်။ ယခုတစ်ပတ်ဈေးနှုန်းသည် ယခင်အပတ်ထက် ဓာတ်ဆီ 92 Ron (၂၀၅ ကျပ်)၊ 95 Ron (၂၃၅ ကျပ်)၊ ဒီဇယ် (၃၇၅ ကျပ်) နှင့် ပရီမီယံဒီဇယ် (၄၃၅ ကျပ်) အသီးသီး ထပ်မံဈေးကျလာခြင်းဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၉၂ ဒေါ်လာဝန်းကျင် ရှိနေပြီး ဧပြီလ ၂၄ ရက် ရည်ညွှန်းဈေးနှင့် နှိုင်းယှဉ်ပါက (၇) ပတ်အတွင်း ဓာတ်ဆီ 92 Ron တွင် ၃၉၀ ကျပ်၊ 95 Ron တွင် ၅၆၀ ကျပ်၊ ဒီဇယ်တွင် ၂,၂၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တွင် ၂,၆၄၀ ကျပ်အထိ စျေးကျဆင်းခဲ့ကာ၊ ကော်မတီအနေဖြင့် MOPS ဈေးနှုန်းအပေါ် အခြေခံကာ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ဖုန်း ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ (၇) ပတ်ဆက်တိုက် ကျဆင်းလာပြီး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော်အထိ လျော့ကျလာ
Jun 05 • 2:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 57 | 0 | 0 | 0 |


