နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိရာ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခြင်း၊ ကာစီနိုလောင်းကစားဝိုင်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ အနှိပ်ခန်းနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်ခြင်းအပါအဝင် အခြားတရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် အထောက်အထားမဲ့ နိုင်ငံခြားသား စုစုပေါင်း ၇၂,၆၁၉ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။အစိုးရအနေဖြင့် နယ်စပ်ဒေသများကို အခြေပြု၍ လုပ်ကိုင်နေကြသည့် ယင်းကဲ့သို့သော တရားမဝင်လုပ်ငန်းများတွင် ပါဝင်သူများကို ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တိုက်ဖျက်ရာ၌ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံခြားသား ၇၂,၀၀၀ ကျော် ဖမ်းဆီးရမိ
Jun 05 • 2:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


