ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် စပိန်တော်ဝင်မျိုးနွယ်များက ချီးမြှင့်သည့် Princess of Asturias ဂုဏ်ထူးဆောင်ဘွဲ့ကို ဘောလုံးသမားများအနက် ပထမဆုံးအကြိမ် တစ်ဦးချင်းအနေဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဆုကို ၁၉၈၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ Prince of Asturias Awards အမည်ဖြင့် ပေးအပ်ခဲ့ပြီး အနုပညာ၊ လူမှုသိပ္ပံ၊ နည်းပညာနှင့် အားကစားစသည့် ကဏ္ဍစုံအတွက် ချီးမြှင့်ခြင်းဖြစ်ရာ၊ မက်ဆီက ယခုကဲ့သို့ ဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသင်းလေ့ကျင့်ရေးစခန်းမှတစ်ဆင့် ဗီဒီယိုဖိုင်ဖြင့် ပြောကြားခဲ့သည်။ ယခင်က ဘောလုံးလောကတွင် ၂၀၁၀ ပြည့်နှစ်၌ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းကလည်းကောင်း၊ ၂၀၁၂ ခုနှစ်၌ ရှာဗီနှင့် ကာဆီးလက်စ်တို့ကပူးတွဲ၍လည်းကောင်း ရရှိခဲ့ဖူးကြောင်း သိရသည်။
Jun 05 • 2:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


