ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo ၏ မြေအောက်ထပ် (Basement) ကားပါကင်တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ နံနက် ၆ နာရီ ၂၂ မိနစ်အချိန်က ရေများဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မော်တာများဖြင့် ရေစုပ်ထုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့်လည်း မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် Hotline ၁၉၁၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဖုန်း ၀၁-၈၆၆၆၉၁၂၊ ၀၁-၈၆၆၆၉၁၃ နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ဖုန်း ၀၁-၂၅၂၀၁၁၊ ၀၁-၂၅၂၀၂၂၊ ၀၉-၄၄၅၉၁၈၁၉၁ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။



