back

ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ

Jun 05 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းသည် ကစားသမား (၂၃) ဦးဖြင့် ဇွန်လ ၄ ရက...

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းသည် ကစားသမား (၂၃) ဦးဖြင့် ဇွန်လ ၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါထိုင်းအသင်းကို ထိုင်းလက်ရွေးစင်ကစားသမားဟောင်း နာတီပေါင်က နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေပြီး ပြီးခဲ့သည့် ဧပြီလအတွင်းက ကစားခဲ့သည့် ဖီဖာစီးရီး (FIFA Series) ခြေစမ်းပွဲများတွင် နယူကယ်လီဒိုနီယာအသင်းကို (၄-၀) ဂိုး၊ ဒီအာကွန်ဂိုအသင်းကို (၂-၀) ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိကာ ခြေစွမ်းပြထားသည့် အသင်းဖြစ်သည်။

ထိုင်းအမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် လာမည့် ဇွန်လ ၆ ရက် ညနေ ၅ နာရီတွင် ဥဇဘက်ကစ္စတန်အမျိုးသမီးအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ ဇွန်လ ၉ ရက်နေ့တွင် အိမ်ရှင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

20