ရန်ကုန်မြို့၏ အိမ်ခြံမြေအငှားဈေးကွက်တွင် မြန်မာ့ရိုးရာ ဝါတွင်းကာလ (၃) လအတွင်း အိမ်မပြောင်းရွှေ့ကြသည့် ဓလေ့အယူအဆကြောင့် ဝါမဝင်မီ အခန်းအပြောင်းအရွှေ့ အပြီးသတ်လိုသူများပြားခြင်း၊ နယ်ဝေးရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြားလာခြင်းတို့ကြောင့် ဝယ်လိုအားမြင့်တက်ကာ အခန်းရှားပါးမှုနှင့်အတူ အငှားဈေးနှုန်းများ သိသိသာသာ ခုန်တက်လျက်ရှိသည်။ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ကမာရွတ်၊ စမ်းချောင်း၊ လှိုင်နှင့် တောင်ဥက္ကလာပမြို့နယ်များ၌ ရိုးရိုးတိုက်ခန်း အငှားဈေးမှာ ကျပ် ၄ သိန်းမှ ၆ သိန်းအထိ ရှိနေပြီး၊ မြို့စွန်မြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များတွင်ပါ အနည်းဆုံး ကျပ် ၂ သိန်းခွဲမှ ၃ သိန်းခွဲအထိ ပေါက်ဈေးရှိနေသည့်အပြင် ရန်ကင်းနှင့် ဗဟန်းမြို့နယ်ရှိ ကွန်ဒိုများမှာ တစ်လလျှင် ကျပ် ၁၅ သိန်းမှ ၂၀ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေသည်။အိမ်ငှားရွှေ့ပြောင်းလိုသူများသည် ဈေးနှုန်းကြီးမြင့်မှု၊ ပိုင်ရှင်များက စပေါ်ငွေ (၆) လစာ အပြတ်တောင်းခံမှုတို့အပြင် လူဦးရေကန့်သတ်ခြင်းနှင့် စုပေါင်းငှားရမ်းမှုကို ငြင်းဆန်ခြင်းစသည့် ကန့်သတ်ချက်များနှင့်ပါ ရင်ဆိုင်နေရသည်။ 
ရန်ကုန်မြို့တွင် ဝါမဝင်ခင် အိမ်ပြောင်းလိုသူများပြားလာသဖြင့် တိုက်ခန်းအငှားခဈေးနှုန်းများ အဆမတန်မြင့်တက်နေ
Jun 05 • 1:42 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


