ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် ပေးပို့တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) ၏ Online Complaint Centre (OCC) သို့ Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်မည်ဖြစ်သည်။ တိုင်ကြားရာတွင် အရေးယူမှု ထိရောက်စေရန်အတွက် ဖြစ်ပွားသည့် နေ့ရက်၊ အချိန်၊ နေရာ၊ ယာဉ်နံပါတ်နှင့်အတူ ပြစ်မှုထင်ရှားစေမည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းများကို သေချာစွာ ပူးတွဲပေးပို့ရန် လိုအပ်ကြောင်း သိရသည်။



