back

ကရင်ပြည်နယ် ဘားအံမြို့တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျ

Jun 05 • 1:36 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် ဘားအံမြို့တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇွန်လ ၄ ရက်ညနေ ၇ နာရီ ၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သရဖီလမ်း၊ အ.ထ.က (၂) ကျောင်းရှေ့၊ မြဝတီ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇွန်လ ၄ ရက်ညနေ ၇ နာရီ ၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သရဖီလမ်း၊ အ.ထ.က (၂) ကျောင်းရှေ့၊ မြဝတီဘဏ်အနောက်ဘက်နှင့် ဥယျာဉ်လမ်းတို့တွင် သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဘားအံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သတင်းရရှိသည်နှင့်ချက်ချင်း သွားရောက်၍ လမ်းပိတ်ဆို့နေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြသည်။

မိဘပြည်သူများအနေဖြင့်လည်း မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ် ဖုန်းနံပါတ် (Hotline) ၁၉၁ အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ကွပ်ကဲ) ဖုန်း - ၀၁၈ ၆၆၆၉၁၂၊ ၀၁၈ ၆၆၆၉၁၃ နှင့် ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) ဖုန်း - ၀၅၈ ၂၁၅၀၂၊ ၀၉ ၆၇၅၅၁၅၁၉၁ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

news-view-count-icon

31