ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်နှင့် နောင်တရားဒေသများတွင် ခရမ်းချဉ်သီးဈေးနှုန်းများ အဆမတန်ကျဆင်းကာ ဒေသတွင်းပွဲရုံများ၌ တစ်ပိဿာလျှင် ၈၀ ကျပ်သာ ရရှိတော့သဖြင့် တောင်သူများအနေဖြင့် ခရမ်းချဉ်သီးများကို ထပ်မံသွန်ပစ်စွန့်ပစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခင်လများက ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ ဈေးကောင်းရခဲ့သော်လည်း လက်ရှိတွင် ထုတ်လုပ်မှုများပြားပြီး ဝယ်လိုအားနည်းခြင်းကြောင့် စိုက်ပျိုးစရိတ်ပင် ပြန်မရတော့ဘဲ ဖြစ်နေသည်။ အောင်ပန်းဈေးကွက်သို့ သွားရောက်ရောင်းချပါက တစ်ပိဿာလျှင် ၈၀၀ ကျပ်ခန့် ရရှိနိုင်သော်လည်း ကားခ၊ ခြင်းတောင်းခနှင့် ဂိတ်ခကဲ့သို့သော သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားလွန်းသဖြင့် သွားရောက်ရောင်းချရန် မကိုက်ညီဘဲ ဖြစ်နေရသည်။ ခရမ်းချဉ်သီးမှာ ကြာရှည်သိုလှောင်၍မရသည့် ကုန်စိမ်းသီးနှံဖြစ်ခြင်းကြောင့် ရောင်းချရန် အဆင်မပြေဘဲ အမြတ်မကျန်တော့သဖြင့် တောင်သူများမှာ ရှေ့ဆက်စိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲများနှင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
Jun 05 • 1:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 33 | 0 | 0 | 0 |


