ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အချို့သော ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများရှေ့တွင် ကျောင်းတက်၊ ကျောင်းဆင်းချိန်၌ ကျောင်းကြိုကျောင်းပို့ယာဉ်များနှင့် မိဘများ၏ မော်တော်ယာဉ်များ စည်းကမ်းမဲ့ရပ်နားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရသဖြင့် စနစ်တကျ စီမံကြပ်မတ်ပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိသည်။ ကျောင်းဖွင့်ရာသီဖြစ်၍ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ကိုယ်ပိုင်ကျောင်းများရှိရာ လမ်းမကြီးများနှင့် လမ်းသွယ်များ (အထူးသဖြင့် ကမ္ဘောဇလမ်းပိုင်း) ၌ ကားများကို နှစ်ထပ်ဘေးချင်းယှဉ်ရပ်ခြင်း၊ လမ်းလယ်တွင် လူတင်လူချပြုလုပ်ခြင်းတို့ကြောင့် အများပြည်သူသုံး ယာဉ်များနှင့် ဆိုင်ကယ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး စိတ်ဒုက္ခရောက်ရသည်ဟု ဒေသခံများက ဆိုသည်။ထို့ကြောင့် အများပြည်သူ သွားလာရေး အဆင်ပြေစေရန်အတွက် ကိုယ်ပိုင်ကျောင်း တာဝန်ရှိသူများအနေဖြင့် ကျောင်းဝင်းအတွင်း ကြို/ပို့စနစ်များ စီမံဆောင်ရွက်ပေးခြင်း၊ ယာဉ်ရပ်နားရန် နေရာသီးသန့် သတ်မှတ်ပေးခြင်း သို့မဟုတ် သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောရှင်းလင်းရေးကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း မြို့ခံများက ထောက်ပြဝေဖန်ထားကြသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ကိုယ်ပိုင်ကျောင်းများရှေ့၌ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေသဖြင့် စနစ်တကျ ကြပ်မတ်ပေးရန် တောင်းဆို
Jun 04 • 7:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 23 | 0 | 0 | 0 |


