ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁,၇၀၀ ကို ငါးဖမ်းစက်လှေ နှစ်စင်း၊ လူ ၂၀ ဦးနှင့်အတူ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အရပ်ဘက်ဆက်ဆံရေးဌာန (ISPR) က သတင်းထုတ်ပြန်သည်။ ရေတပ်သည် စိန့်မာတင်ကျွန်း (အုန်းကျွန်း) နှင့် ကပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အတွင်း ကင်းလှည့်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိမှုတွင် 'Ma-2' အမည်ရှိ ငါးဖမ်းစက်လှေပေါ်မှ ဘိလပ်မြေအိတ် ၉၀၀ နှင့် 'Nishan-2' အမည်ရှိ စက်လှေပေါ်မှ ဘိလပ်မြေအိတ် ၈၀၀ တို့ကို လူ ၂၀ ဦးနှင့်အတူ အသီးသီး ရှာဖွေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Jun 04 • 6:38 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 27 | 0 | 0 | 0 |


