မန္တလေးမြို့ ဆေးလိပ်ဈေးကွက်အတွင်း ကျန်းမာရေးပြဿနာများကြောင့် Vape (E-Cigarette) ကို တားမြစ်ပိတ်ပင်လိုက်ပြီးနောက် တရုတ်နိုင်ငံထုတ် စီးကရက်ပိန်ပိန်ရှည်ရှည်များကို အမျိုးသမီးငယ်များ အစားထိုးသောက်သုံးမှု ပိုမိုများပြားလာကြောင်း သိရသည်။ ကုန်သည်များနှင့် မီနီမတ် (Mini Mart) တာဝန်ရှိသူများ၏ ပြောပြချက်အရ တရုတ်ထုတ်စီးကရက် အပိန်ရှည်များမှာ အနံ့အရသာမပြင်းဘဲ သောက်သုံးရလွယ်ကူသဖြင့် မိန်းကလေးငယ်များအကြား ရေပန်းစားနေပြီး ဈေးနှုန်းမှာလည်း ၂၀ လိပ်ပါတစ်ဘူးလျှင် ကျပ် ၂,၀၀၀ မှ ၂၀,၀၀၀ ကျော်အထိ အမျိုးမျိုးရှိကာ ဈေးကွက်ခိုင်မာစွာ ရရှိထားသည်။ကျန်းမာရေးဝန်ကြီးဌာနသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်၍ E-Cigarette များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ သယ်ဆောင်၊ တင်သွင်း၊ ရောင်းချခြင်း မပြုရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုသို့ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ယခင်က Vape သုံးစွဲခဲ့ကြသူများမှာ ဆေးလိပ်နှင့် စီးကရက်သောက်သုံးမှုဘက်သို့ ပြန်လည်လှည့်ပြောင်းလာကြခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တွင် Vape ပိတ်ပင်ပြီးနောက် အမျိုးသမီးငယ်များ တရုတ်ထုတ် စီးကရက်ပိန်ရှည်များ အစားထိုးသုံးစွဲလာ
Jun 04 • 3:09 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 66 | 0 | 0 | 0 |


