back

ရန်ကုန်မြို့တွင် လမ်းဘေးဈေးဆိုင်များ ရှင်းလင်းလိုက်ခြင်းကြောင့် ဆိုင်ကြီးများ ရောင်းအားမြင့်တက်လာ

Jun 04 • 3:07 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် လမ်းဘေးဈေးဆိုင်များ ရှင်းလင်းလိုက်ခြင်းကြောင့် ဆိုင်ကြီးများ ရောင်းအားမြင့်တက်လာ

ရန်ကုန်မြို့အတွင်း မြို့ပြသန့်ရှင်းသာယာရေးနှင့် လမ်းပိတ်ဆို့မှု လျော့နည်းစေရေးအတွက် လမ်းဘေးဈေးဆိုင်များကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် အနီးအနားရှိ အခြေစိုက်ဆို...

ရန်ကုန်မြို့အတွင်း မြို့ပြသန့်ရှင်းသာယာရေးနှင့် လမ်းပိတ်ဆို့မှု လျော့နည်းစေရေးအတွက် လမ်းဘေးဈေးဆိုင်များကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် အနီးအနားရှိ အခြေစိုက်ဆိုင်ကြီးများနှင့် တရားဝင်အရောင်းဆိုင်များတွင် လူဝင်ဆံ့မှုပြားလာကာ ရောင်းအားသိသိသာသာ ထိုးတက်လာကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။ ယခင်က လမ်းဘေးဈေးသည်များ လမ်းမပေါ်အထိ နေရာယူထားသဖြင့် ဆိုင်ကြီးများအတွင်းသို့ ဝယ်ယူသူများဝင်ရောက်ရန် ခဲယဉ်းခဲ့သော်လည်း လက်ရှိတွင် လမ်းဘေးဆိုင်များမရှိတော့ဘဲ လမ်းများရှင်းလင်းသွား၍ အချို့ဆိုင်များတွင် ရောင်းအားမှာ ပုံမှန်ထက် တစ်ဆခန့်အထိ တိုးတက်လာခဲ့သည်။တစ်ဖက်တွင် လမ်းဘေးဈေးဆိုင်များ ရှင်းလင်းလိုက်ခြင်းကြောင့် လမ်းဘေးဝဲယာများ ကျယ်ဝန်းလာကာ အများပြည်သူသွားလာရ လွယ်ကူခြင်း၊ ယာဉ်ပိတ်ဆို့မှု လျော့နည်းခြင်းနှင့် မြို့ပြသန့်ရှင်းသပ်ရပ်လာခြင်း စသည့် ကောင်းကျိုးများရှိလာသော်လည်း ဈေးသည်များမှာ စားဝတ်နေရေး ခက်ခဲသွားကြသည်။ ထို့ကြောင့် ဈေးသည်များမှာ မိမိတို့ဝမ်းရေးအတွက် ရပ်ကွက်အတွင်းရှိ လမ်းသွယ်၊ လမ်းကြားများထဲသို့ ရွှေ့ပြောင်းရောင်းချလာကြရသဖြင့် နှစ်ရှည်လများ လုပ်ကိုင်လာသည့် ၎င်းတို့ရေရှည်ရပ်တည်နိုင်စေရန် တရားဝင်ရောင်းချခွင့်ရမည့် သီးသန့်နေရာတစ်ခု ဖော်ဆောင်ပေးစေလိုကြောင်း ဒေသခံများနှင့် ဈေးသည်အချို့က အကြံပြုထားကြသည်။

news-view-count-icon

32