ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်သည် အဆုံးအဖြတ် ၅ လုံးမြောက် ပယ်နယ်တီကို လွဲချော်ခဲ့ပြီး အသင်းရှုံးနိမ့်ခဲ့ရသော်လည်း၊ ၎င်း၏ အမည်နှင့် ကျောနံပါတ်ပါ ဂျာစီများမှာ ဗိုလ်လုပွဲမတိုင်ခင်ကထက် ရောင်းအား (၃၅၀) ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။ အာဆင်နယ်ပရိသတ်များသည် ပယ်နယ်တီလွဲခဲ့သည့် ဂါဘရီယဲလ်ကို အပြစ်တင်ခြင်းမပြုဘဲ နှစ်သိမ့်အားပေးကြောင်း ပြသသည့်အနေဖြင့် ၎င်း၏ဂျာစီများကို ဝိုင်းဝန်းဝယ်ယူခဲ့ကြရာ လက်ရှိတွင် အာဆင်နယ်အသင်း၌ အရောင်းရဆုံး ဂျာစီဖြစ်လာခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်သည် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လိုင်လီအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး၊ အသင်းအတွက် ပြိုင်ပွဲစုံ ၂၆၁ ပွဲကစားကာ ၂၄ ဂိုးအထိ သွင်းယူပေးထားသည့် အဓိကဦးဆောင်ကစားသမားတစ်ဦး ဖြစ်သည်။


