back

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မက်ဆီတစ်ဦးတည်း ဟိုတယ်အခန်းနံပါတ် (၂၀၂) ၌ နေထိုင်မည်

Jun 04 • 2:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မက်ဆီတစ်ဦးတည်း ဟိုတယ်အခန်းနံပါတ် (၂၀၂) ၌ နေထိုင်မည်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ကန်ဆက်စီးတီးမြို့ရှိ Origin ဟိုတယ်၏ အခန်းနံပါတ် (၂၀၂) တွင် တစ်ဦးတည်း သီးသန့...

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ကန်ဆက်စီးတီးမြို့ရှိ Origin ဟိုတယ်၏ အခန်းနံပါတ် (၂၀၂) တွင် တစ်ဦးတည်း သီးသန့်နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ မက်ဆီသည် ယခင်က ၎င်း၏တွဲဖက် တိုက်စစ်မှူး အဂွဲရိုးနှင့်အတူ အခန်းဖော်အဖြစ် နေထိုင်လေ့ရှိသော်လည်း အဂွဲရိုး အနားယူသွားပြီးနောက်ပိုင်းတွင် တစ်ဦးတည်းသာ နေထိုင်တော့ခြင်းဖြစ်ပြီး၊ ၎င်း၏ ရင်းနှီးသောသူငယ်ချင်း ဒီပေါလ်မှာမူ အော်တာမန်ဒီနှင့်အတူ အခန်းနံပါတ် (၂၀၃) တွင် တည်းခိုမည်ဖြစ်သည်။ယခုကဲ့သို့ မက်ဆီက အခန်းနံပါတ် (၂၀၂) ကို ရွေးချယ်ခဲ့ခြင်းအပေါ် လူမှုကွန်ရက်တွင် စိတ်ဝင်တစား ဝေဖန်ပြောဆိုမှုများရှိနေပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အခန်းနံပါတ် (၂၀၁) ၌ နေထိုင်ကာ အာဂျင်တီးနားအတွက် (၃) ကြိမ်မြောက် ချန်ပီယံဆု (၂+၁=၃) ကို ယူဆောင်ပေးနိုင်ခဲ့သကဲ့သို့၊ ယခု အခန်းနံပါတ် (၂၀၂) သည်လည်း အာဂျင်တီးနားအသင်းအတွက် (၄) ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု (၂+၂=၄) ကို ထပ်မံရယူရန် ရည်ရွယ်ချက်အဓိပ္ပာယ်အဖြစ် ဖော်ပြနေကြသည်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် အဆိုပါဟိုတယ်တွင် တည်းခိုကာ မေဂျာလိဂ်ကလပ် ကန်ဆက်စီးတီးအသင်း၏ ကွင်း၌ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

news-view-count-icon

40