ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်နေသည့်အပြင် လွယ်လွယ်ကူကူ ဝယ်ယူ၍မရသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။ ဇွန်လ ၂ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလုပ်ငန်းစဉ်အား စိစစ်ကြီးကြပ်ရန် ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံပိုင်ဓာတ်မြေဩဇာစက်ရုံများမှာလည်း ဓာတ်ငွေ့မရရှိသဖြင့် မလည်ပတ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ထို့ပြင် ယခုနှစ် မိုးရာသီစိုက်ပျိုးရေးကာလအတွက် နိုင်ငံတော်က စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးနေသော်လည်း တောင်သူများအတွက် လုံလောက်မှုမရှိသဖြင့် အပြင်ဘက်၌ အတိုးနှုန်းကြီးစွာဖြင့် ထပ်မံချေးယူနေရကြောင်း သိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ ထွက်ကုန်သီးနှံများ ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အင်္ဂပူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းက ဇွန်လ ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရန်ခက်ခဲနေသဖြင့် တောင်သူများ အခက်တွေ့နေ
Jun 04 • 2:02 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 21 | 0 | 0 | 0 |


