back

ပြည်ပသို့ အလုပ်သမားစေလွှတ်မှု ထပ်မံလျှော့ချမည့် သတင်းကြောင့် ပြည်ပထွက်ခွာမည့်သူများ စိုးရိမ်နေ

Jun 04 • 1:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပသို့ အလုပ်သမားစေလွှတ်မှု ထပ်မံလျှော့ချမည့် သတင်းကြောင့် ပြည်ပထွက်ခွာမည့်သူများ စိုးရိမ်နေ

ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုကို ထပ်မံလျှော့ချမည်ဟူသော သတင်းများကြောင့် ပြည်ပထွက်ခွာရန် စောင့်ဆိုင်းနေသည့် လုပ်သားများအကြား ငွေကြေးဆုံးရှ...

ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုကို ထပ်မံလျှော့ချမည်ဟူသော သတင်းများကြောင့် ပြည်ပထွက်ခွာရန် စောင့်ဆိုင်းနေသည့် လုပ်သားများအကြား ငွေကြေးဆုံးရှုံးနစ်နာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရသည်။နေပြည်တော်အစည်းအဝေးတစ်ခုတွင် ပြည်တွင်း၌ လုပ်သားဦးရေ လျော့နည်းလာကြောင်း သမ္မတက ပြောကြားခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးဌာနက ပြည်ပလုပ်သားစေလွှတ်မှုများကို ယခုထက်ပိုမို တင်းကျပ်ကန့်သတ်ရန် ပြင်ဆင်နေသဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေတာ ဖြစ်ပါသည်။ လက်ရှိတွင် အလုပ်ခေါ်စာတစ်စောင်လျှင် တစ်လ၌ ထိုင်း ၅၀ ဦး၊ ဂျပန် ၁၅ ဦး၊ ကိုရီးယား ၁၀ ဦး၊ စင်ကာပူ ၅ ဦးသာ စေလွှတ်ခွင့်ပြုထားပြီး အသက် ၁၈ နှစ်မှပတ်သက်၍ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားရာ၊ ယခုကဲ့သို့ မူဝါဒအပြောင်းအလဲနှင့် ကြန့်ကြာမှုများကြောင့် ငွေကြေးအတိုးဖြင့်ချေးကာ အေဂျင်စီအပ်ထားသူများမှာ လစဉ်အတိုးတက်လာပြီး အကြွေးနွံနစ်ကာ ဘဝပျက်မည့်အရေးနှင့် ရင်ဆိုင်နေကြရသည်။

news-view-count-icon

36