မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ အဆိုအရ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး၊ ဘဏ္ဍာနှစ်အစောပိုင်းကာလတွင် ပြောင်းတန်ချိန် ၁ သိန်းဝန်းကျင်ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ ပြောင်းတစ်ကီလိုလျှင် ၁၁ ဒသမ ၇ ဘတ်အထိ ဈေးကောင်းရနေသော်လည်း၊ ထိုင်းနိုင်ငံက အမေရိကန်ထံမှ ပြောင်းတန်ချိန် ၁ သန်း ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် ရှေ့လျှောက် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံက ဈေးအမြင့်ဆုံးပေးဝယ်နေပြီး လက်ရှိတွင် ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အများဆုံး တင်ပို့နေရသည်။ အကယ်၍ ထိုင်းဘက်မှ ဝယ်လိုအား ကျဆင်းသွားပါက အခြားဝယ်လိုအားရှိသည့် အာဆီယံဒေသတွင်းနိုင်ငံများသို့ ပိုမိုတိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က ပြောကြားထားသည်။ ပြီးခဲ့သည့် ၂၀၂ nose-၂၀၂၆ ဘဏ္ဍာနှစ်ကလည်း ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ရန် မျှော်မှန်းထား
Jun 04 • 1:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


