back

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပွား

Jun 03 • 1:13 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယနေ့ ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်က တစ်နာရီနီးပါးကြာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရပ်က...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယနေ့ ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်က တစ်နာရီနီးပါးကြာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ မိုးသည်းထန်မှုကြောင့် စျေးကြီးအတွင်းနှင့် ရပ်ကွက် (၁) ရှိ အလုပ်ရုံ၊ ဆိုင်ခန်း၊ နေအိမ်များအတွင်းသို့ ရေ ၄ လက်မမှ ၅ လက်မခန့်အထိ ဝင်ရောက်ခဲ့သည့်အပြင်၊ လမ်းအချို့တွင် သစ်ပင်သစ်ကိုင်းများနှင့် လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးခဲ့သဖြင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

25