မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊ သပြေ (၁) ရပ်တွင် ယနေ့ ဇွန်လ ၃ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျရာနေရာသို့ ရေနံချောင်းမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ချက်ချင်းသွားရောက်ကာ အိမ်ခြေပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့၌ လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း
Jun 03 • 1:11 PM
မြန်မာ
မကွေး
မျှဝေမည်
| 6 | 0 | 0 | 0 |


