back

အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးဆို

Jun 03 • 12:40 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးဆို

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာ...

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။

ယနေ့ (ဇွန် ၃ )ရက်နေ့၌ ပြုလုပ်သည့် ဆေးရုံအာဏာပိုင်များနှင့် လူမှုကူညီရေးအသင်းများအကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

15