ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Tri-Nation Cup 2026 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် အပြီးသတ်ကစားသမား (၂၅) ဦး စာရင်းကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ဦးဆောင်သည့် မြန်မာအသင်းတွင် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သောအဖွဲ့သည် ပဏာမလူစာရင်းမှ အကောင်းဆုံးကစားသမားများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။နည်းပြအဖွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြများဖြစ်သည့် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သည်။ကစားသမား ၂၅ ဦး စာရင်းတွင် ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ ဥာဏ်လင်းထက်၊ ခန့်မင်းသန့်တို့ ပါဝင်သည်။နောက်တန်း၌ မြတ်ဘုန်းခန့်၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ဇွဲခန့်မင်း၊ သီဟထက်အောင်၊ အောင်ဝဏ္ဏစိုးတို့ ပါဝင်သည်။
Tri-Nation Cup 2026 ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း အပြီးသတ်ကစားသမား (၂၅) ဦး စာရင်း ထုတ်ပြန်
Jun 03 • 12:38 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 44 | 0 | 0 | 0 |


