မြန်မာအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ၂၀၂၆/၂၇ ရာသီ AFC အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ယခုနှစ်ပြိုင်ပွဲတွင် အာရှဒေသတွင်းမှ အသင်းပေါင်း (၃၁) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ဧရာဝတီအက်ဖ်စီအသင်းသည် ပဏာမအဆင့် (Preliminary Stage) မှ စတင်ကစားရမည် ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ် မှတ်ချက် (AFC Women's Club Competitions Ranking) အရ ဧရာဝတီအက်ဖ်စီသည် အဆင့် (၁၅) နေရာတွင် ရှိနေသောကြောင့် မဲခွဲပွဲအတွက် (Pot 2) တွင် သတ်မှတ်ခြင်းခံထားရသည်။
AFC အမျိုးသမီးချန်ပီယံလိဂ်တွင် မြန်မာကိုယ်စားပြုအဖြစ် ဧရာဝတီအက်ဖ်စီအသင်း ပါဝင်ယှဉ်ပြိုင်မည်၊ မဲခွဲပွဲအတွက် Pot (၂) တွင် သတ်မှတ်ခံရ
Jun 03 • 10:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


