ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြကန်သာရေကန်တွင် ယနေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီ ၅၃ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်/မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းထွက်ခွာ အရေးပေါ်ကူညီခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များက သူနာတင်ယာဉ် (၁) စီးဖြင့် သွားရောက်ရှာဖွေခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ် (၂ မိနစ်အတွင်း) တွင် ရေနစ်သူ အမျိုးသားအား စိုးရိမ်ရဒဏ်ရာများဖြင့် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသားအား လွိုင်လင်ခရိုင်မီးသတ်စခန်းပိုင် သူနာတင်ယာဉ်ဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့ မြကန်သာရေကန်တွင် ရေကူးရာမှ ရေနစ်ပျောက်ဆုံးသူ အမျိုးသားတစ်ဦးအား မိနစ်ပိုင်းအတွင်း အသက်ရှင်လျက် ပြန်လည်ဆယ်ယူနိုင်ခဲ့
Jun 03 • 10:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


