အွန်လိုင်းလိမ်လည်မှုကို သေဒဏ်နှင့် ထောင်တသက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၃) ၌ အမျိုးသားလွှတ်တော်အစည်းအဝေးကို တင်လိုက်ပြီဖြစ်သည်။နေပြည်တော်၌ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပနေချိန်လည်း ဖြစ်သည်။ထိုဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဆိုအဖြစ် တင်သွင်းလိုက်ခြင်း ဖြစ်သည်။ဥပဒေမူကြမ်းတွင် အွန်လိုင်းလိမ်လည်မှု၌ ပြစ်မှုထင်ရှားသူကို အမိန့်တရပ်ထပ်ပိုပြီး တရားရုံးက အမိန့်ချမှတ်နိုင်ကာ၊ သံသယရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် တိုက်ဆိုင်စစ်ဆေးအတည်ပြုရုံတင်မက UID ကဒ်များဖြင့်ပါ စစ်ဆေးအတည်ပြုခြင်း၊ အွန်လိုင်းမှ တို-
က်ရိုက်စစ်ဆေးအတည်ပြုခြင်းများပါ ပါဝင်သည်။


