back

ချင်းပြည်နယ်၊ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Jun 03 • 10:49 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီ...

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိရခြင်းချင်း ဟားခါးခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာကာ ဝိုင်းဝန်းအရေးပေါ် ငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် မီးလောင်မှုကို နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

15