back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသတွင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ လူငယ်များ ခရီးသွားလာခွင့်ရရှိ

Jun 03 • 10:46 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသတွင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ လူငယ်များ ခရီးသွားလာခွင့်ရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် လူငယ်များအနေဖြင့် သက်ဆိုင်ရာ ကျေးရွာ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် လူငယ်များအနေဖြင့် သက်ဆိုင်ရာ ကျေးရွာ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသာ သွားလာခွင့်ရရှိတော့ကြောင်း ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို အဓိကထား စစ်ဆေးနေပြီး၊ ထောက်ခံစာမပါပါက ခရီးဆက်ခွင့်မပြုဘဲ ပြန်လှည့်ခိုင်းနေခြင်းဖြစ်သည်။ ယခုကဲ့သို့ စစ်မှုထမ်းဥပဒေနောက်ပိုင်း စစ်ဆေးမှုများ တင်းကျပ်လာခြင်းကြောင့် ကျောင်းပိတ်၍ အိမ်ပြန်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ဝေးလုပ်သား လူငယ်များ ခရီးသွားလာရေး အခက်အခဲဖြစ်မည်ကို မိဘပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

news-view-count-icon

22