၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်း ၄၈ သင်းမှ တင်သွင်းလာသည့် အပြီးသတ်ကစားသမား ၁,၂၄၈ ဦးစလုံး၏ လူစာရင်းကို အတည်ပြုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဇွန်လ ၂ ရက်တွင် ကြေညာခဲ့သည်။ ယခုပြိုင်ပွဲတွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် အိုချိုအာတို့က ခြောက်ကြိမ်မြောက်အဖြစ် ပါဝင်ကစားမည်ဖြစ်ပြီး၊ ကိတ်ဗာဒီ၊ ကူရာဆာအို၊ ဂျော်ဒန်နှင့် ဥဇဘက်ကစ္စတန်တို့မှာမူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ပါဝင်မည့် ကစားသမားများအနက် ၃၅၇ ဦးမှာ ယခင်ကမ္ဘာ့ဖလားအတွေ့အကြုံရှိသူများဖြစ်ပြီး ၈၉၁ ဦးမှာ သွေးသစ်လောင်းမျက်နှာသစ်များ ဖြစ်ကြသည်။ အသက်အကြီးဆုံးမှာ စကော့တလန်ဂိုးသမား ခရိတ် ဂေါ်ဒန် (၄၃ နှစ်) ဖြစ်ပြီး အငယ်ဆုံးမှာ မက္ကဆီကိုမှ ဂီလ်ဘာတို မော်ရာ (၁၇ နှစ်) ဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၃ နိုင်ငံတွင် ကျင်းပမည့် အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပွဲစဉ်ပေါင်း ၁၀၄ ပွဲဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 03 • 10:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 57 | 0 | 0 | 0 |


