back

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ရေအရည်အသွေး အလွန်ဆိုးဝါးနေဟုဆို

Jun 03 • 10:42 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ရေအရည်အသွေး အလွန်ဆိုးဝါးနေဟုဆို

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၏ ရေအရည်အသွေးမှာ အလွန်ဆိုးဝါးနေပြီး ရေချိုးပါက အရေပြားရောဂါဖြစ်ပွားနိုင်လောက်သည့် အခြေအနေရှိနေကြောင်း ဇွန်လ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၏ ရေအရည်အသွေးမှာ အလွန်ဆိုးဝါးနေပြီး ရေချိုးပါက အရေပြားရောဂါဖြစ်ပွားနိုင်လောက်သည့် အခြေအနေရှိနေကြောင်း ဇွန်လ ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမရပူရမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်ပြခဲ့သည်။ အဆိုပါ တောင်သမန်အင်း ရေပြင်သန့်ရှင်းရေးနှင့် ဗေဒါပင်များ ရှင်းလင်းရေးအတွက် စက်သုံးဆီအခက်အခဲကြောင့် ခေတ္တရပ်နားထားရသည့် ဘက်ဟိုးစက်ယန္တရားများဖြင့် ပြန်လည်ဆယ်ယူနိုင်ရန် အင်းရေမျက်နှာပြင်အမြင့် (Level) ကို ဦးစွာလျှော့ချသွားမည်ဖြစ်ကြောင်း၊ ရေ Level လျှော့ချမှသာ ဗေဒါရှင်းလင်းရလွယ်ကူပြီး ဆောင်းနှင့်နွေရာသီတွင် စိုက်ပျိုးမြေများ ပိုမိုပေါ်ထွန်းလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြန်လည်ဖြေကြားခဲ့သည်။

news-view-count-icon

19