back

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မယ်ဆိုင်ချောင်းအတွင်း သဲနုန်းဖုံးကာ နစ်မြုပ်နေသည့် မော်တော်ယာဉ်တစ်စီး ပြန်လည်တူးဖော်တွေ့ရှိ

Jun 03 • 10:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မယ်ဆိုင်ချောင်းအတွင်း သဲနုန်းဖုံးကာ နစ်မြုပ်နေသည့် မော်တော်ယာဉ်တစ်စီး ပြန်လည်တူးဖော်တွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် တူးဖော်နေစဉ် သဲနုန်းများအောက်တွင် နစ်မြုပ်နေသည့် TO...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် တူးဖော်နေစဉ် သဲနုန်းများအောက်တွင် နစ်မြုပ်နေသည့် TOYOTA အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးကို ဇွန်လ ၁ ရက် ညနေပိုင်းက ဘက်ဟိုးဖြင့် တူးဖော်ဆယ်ယူခဲ့ရကြောင်း သိရသည်။ အဆိုပါယာဉ်မှာ တစ်စီးလုံး ပျက်စီးနေပြီး ယာဉ်အတွင်း လူသေအလောင်း တွေ့ရှိရခြင်း မရှိဘဲ၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက တိုင်ဖွန်းမုန်တိုင်း "ယာဂီ" ကြောင့် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုအတွင်း ချောင်းအထက်ပိုင်းမှ မျှောပါကာ သဲဖုံးသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားခဲ့သည်။

news-view-count-icon

19