ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းရှိ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း (မိုင်တိုင်အမှတ် ၁၆၁/၄) တွင် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်မောင်းဖြစ်သူ ကားအောက်ပိတ်မိ၍ သေဆုံးသွားကြောင်း ရာမညတိုင်းမ်သတင်းအေဂျင်စီအရ သိရသည်။ဇွန်လ ၂ ရက် ညနေ ၄ နာရီကျော်အချိန်က အဆိုပါနေရာတွင် တွဲကားမှောက်ပြီး လူပိနေကြောင်း သတင်းအရ Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းနှင့် မဲကနယ်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ အရေးပေါ် သွားရောက်ကယ်ဆယ်ခဲ့ကြသည်။ ကားအောက်တွင် ပိတ်မိနေသည့် ယာဉ်မောင်းအမျိုးသားမှာ အလေးချိန်အလွန်များသော ကားဖြင့် ဖိမိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ကားအောက်မှ မြေကြီးကို ၂ နာရီကျော်ကြာအောင် ခက်ခက်ခဲခဲ တူးဖော်ကာ ကယ်ထုတ်ခဲ့ရသော်လည်း ၎င်းသည် ရရှိထားသော ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။
Jun 03 • 10:36 AM
မြန်မာ
ကရင်
မျှဝေမည်
| 39 | 0 | 0 | 0 |


