back

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်လဲကျမှုကြောင့် ပိတ်ဆို့နေသည့်လမ်းအား မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း

Jun 03 • 10:34 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်လဲကျမှုကြောင့် ပိတ်ဆို့နေသည့်လမ်းအား မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးအထက်လမ်းတွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လမ်...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးအထက်လမ်းတွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လမ်းဘေးရှိ သစ်ပင်တစ်ပင် လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသည့် နေရာသို့ ကော့သောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ချက်ချင်းသွားရောက်ကာ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများ အရေးပေါ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

23