back

ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ်

Jun 03 • 10:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ်

လက်ရှိ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးဈေးကွက်အတွင်း မော်တော်ကားများကို ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားသော စည်းကြပ်ခွန် စံနှုန်းတန်ဖိုးများထက် အဆမတန်မြင...

လက်ရှိ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးဈေးကွက်အတွင်း မော်တော်ကားများကို ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားသော စည်းကြပ်ခွန် စံနှုန်းတန်ဖိုးများထက် အဆမတန်မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းဝယ်နေခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စီမံကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်ငြိမ်းအောင်က ပြည်တွင်းအခွန်ဦးစီးဌာန၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ထုတ် မော်တော်ကားစည်းကြပ်ခွန်စာရင်းဇယားအရ Toyota Mark II Saloon 2000 CC 2004 မော်ဒယ်ကားတစ်စီးကို ကျပ်သိန်း ၄၀၀ ဖြင့် အခွန်စည်းကြပ်ထားသော်လည်း လက်ရှိပြင်ပဈေးကွက်တွင် အဆိုပါကားအမျိုးအစားမှာ ကျပ်သိန်း ၉၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ထောက်ပြပြောကြားခဲ့သည်။ 

news-view-count-icon

38