back

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်း၏ ကွင်းလယ်အင်အားအဖြစ် လူငယ်လက်ရွေးစင် မေသင်ဇာကို ခေါ်ယူ

Jun 03 • 10:30 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်း၏ ကွင်းလယ်အင်အားအဖြစ် လူငယ်လက်ရွေးစင် မေသင်ဇာကို ခေါ်ယူ

​ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် အသင်း၏ ကွင်းလယ်ပိုင်းကို အားဖြည့်ရန် မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်ကစားသမား မေသင်ဇာကို ခေါ်ယူလို...

​ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် အသင်း၏ ကွင်းလယ်ပိုင်းကို အားဖြည့်ရန် မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်ကစားသမား မေသင်ဇာကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

မေသင်ဇာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ဇာတိဖြစ်ပြီး၊ ​ပြီးခဲ့သည့်ရာသီအတွင်း ရန်ကုန်စီးတီးအသင်းတွင် ရာသီဝက်ကစားခဲ့သလို ၊ Young Lionesses အသင်းတွင် ရာသီဝက်ကစားခဲ့သူဖြစ်သည်။ထို့အပြင်​နိုင်ငံတကာအတွေ့အကြုံအရ ၂၀၂၆ AFC U-17 အမျိုးသမီး အာရှဖလား ခြေစစ်ပွဲနှင့် ပွဲစဉ်တစ်လျှောက် မြန်မာ ယူ-၁၇ လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သူလည်းဖြစ်သည်။“ရှမ်းယူနိုက်တက်ကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အတွေ့အကြုံသစ်တွေနဲ့အတူ ပိုကောင်းတဲ့ ကစား သမားဖြစ်ဖို့ မျှော်လင့်သလို၊ အသင်းနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ အများကြီး ကြိုးစားသွားမှာပါ” ဟု ပြောကြားထားသည်။​ရှမ်းယူနိုက်တက်အသင်းကလည်း မိမိတို့ဒေသတွင်း လူငယ်ကွင်းလယ်ကစား သမားကို နွေးထွေးစွာ ကြိုဆိုနိုင်ခဲ့သည့်အတွက် အသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ရန် ဆုမွန်ကောင်းတောင်းထားသည်။

news-view-count-icon

27