ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းအစီအမံများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ 
Jun 03 • 10:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


