back

ပုသိမ်၌ ဗိုလ်မှူးသမီးထံမှ မှတ်ပုံတင်ကြေး ၈ သောင်းတောင်းသည့် လဝကတိုက်နယ်မှူး စစ်ဆေးခံနေရ

Jun 03 • 9:52 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ပုသိမ်၌ ဗိုလ်မှူးသမီးထံမှ မှတ်ပုံတင်ကြေး ၈ သောင်းတောင်းသည့် လဝကတိုက်နယ်မှူး စစ်ဆေးခံနေရ

ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံး၌ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လာရောက်ပြုလုပ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးစိုးမင်းဦး၏သမီးဖြစ်သူ မမြသ...

ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံး၌ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လာရောက်ပြုလုပ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးစိုးမင်းဦး၏သမီးဖြစ်သူ မမြသဲခိုင်ထံမှ ငွေကျပ် ၈ သောင်း တောင်းခံမိသည့် လဝကတိုက်နယ်မှူးတစ်ဦး မေလ ၃၀ ရက်ကစ၍ စစ်ဆေးခံနေရကြောင်း သိရသည်။ အဆိုပါ ဗိုလ်မှူးသမီးဖြစ်သူက မှတ်ပုံတင်လာယူသည့်နေ့တွင် ၎င်း၏ဖခင်ဖြစ်သူ ဗိုလ်မှူးအား ခေါ်ဆောင်လာပြီး ငွေပေးချေရာမှ ပြဿနာစတင်ခဲ့ခြင်းဖြစ်ကာ လဝကဝန်ကြီးဌာနက မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေကြေးကောက်ခံခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ၃ သောင်းမှ ၁ သိန်းကျပ်အထိ ပေးဆောင်နေရဆဲဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

news-view-count-icon

23