back

ပင်လယ်ကွေ့ ၌ ပိတ်မိနေသူ သင်္ဘောသားများကို ကယ်ထုတ်ရန် အန္တရာယ်များ

Jun 03 • 5:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပင်လယ်ကွေ့ ၌ ပိတ်မိနေသူ သင်္ဘောသားများကို ကယ်ထုတ်ရန် အန္တရာယ်များ

လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရယူထားသည့်တိုင် ပင်လယ်ကွေ့ရေပြင်များအတွင်းပိတ်မိနေကြဆဲဖြစ်သော သင်...

လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရယူထားသည့်တိုင် ပင်လယ်ကွေ့ရေပြင်များအတွင်းပိတ်မိနေကြဆဲဖြစ်သော သင်္ဘောသား ရာပေါင်းများစွာကို ကယ်ထုတ်ရေးအတွက် အန္တရာယ်ကြီးလွန်းနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂနိုင်ငံ တကာပင်လယ်ရေကြောင်း အဖွဲ့ချုပ်(အိုင်အမ်အို) အကြီးအကဲ အာဆင်နီယို ဒေါမနစ်က ဇွန် ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ပင်လယ်ကွေ့ဒေသ စစ်ရေးပဋိပက္ခများ၏ ပြဿနာအရင်းအမြစ်များကို ရှင်းလင်းနိုင်မှသာ မိမိတို့အနေဖြင့် ပိတ်မိနေသည့် နိုင်ငံတကာသင်္ဘောသားများအား ကယ်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အိုင်အမ်အို အတွင်းရေးမှူးချုပ် ဒေါမနစ်က သတိပေးထားသည်။

လက်ရှိအချိန်တွင် အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူထား သည့်တိုင် ပိတ်မိနေသော နိုင်ငံတကာသင်္ဘောသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အာမခံချက်များ ကင်းမဲ့နေဆဲဖြစ်ကြောင်း အိုင်အမ်အို အကြီးအကဲကပြောကြားထားသည်။ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း များ ပိတ်ဆို့ခဲ့မှုကြောင့်ပင်လယ်ကွေ့ ရေပြင်များအတွင်းသင်္ဘောစင်းရေ ရာပေါင်းများစွာနှင့်သင်္ဘောသား ၂၀,၀၀၀ ကျော် ပိတ်မိနေဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။အီရန်စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပင်လယ်ကွေ့ရေပြင်များအတွင်းသင်္ဘောသား ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

news-view-count-icon

31