ယာဉ်မောင်းလိုင်စင်ဖြေဆိုသူတွေများလာလို့ ထောက်ကြန့်မှာ ယာဉ်မောင်းလိုင်စင်စစ်ဆေးပေးခြင်းရုံးခွဲဖွင့်လှစ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။လတ်တလောမှာ ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ ရွာသာကြီးရှိရုံးမှာ အွန်လိုင်းကနေ ဘိုကင်တင်ပြီး အလှည့်ကျဖြေဆိုနိုင်တယ်လို့ဆိုပါတယ်။ရွာသာကြီးရုံးအပြင် ရန်ကုန်မြို့ထောက်ကြန့်မှာ ယာဉ်မောင်းလိုင်စင်ရုံးခွဲကို ဇွန်လ(၈)ရက်ကနေစပြီး ဖွင့်လှစ်တော့မှာ ဖြစ်လို့ နီးစပ်ရာရုံးတွေမှာ အွန်လိုင်းဘိုကင်ရက်ချိန်းယူပြီး သွားရောက်ဖြေဆိုနိုင်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။



