back

အင်္ဂလန်ဘောလုံးဂန္ထဝင် ကီဗင်ကီးဂန်း ၎င်းတွင် အဆင့်လေး အစာအိမ်ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြား

Jun 02 • 1:49 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂလန်ဘောလုံးဂန္ထဝင် ကီဗင်ကီးဂန်း ၎င်းတွင် အဆင့်လေး အစာအိမ်ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြား

အင်္ဂလန်အသင်းခေါင်းဆောင်နှင့် မန်နေဂျာဟောင်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ကီဗင်ကီးဂန်းက ၎င်းတွင် ခန္ဓာကိုယ်တစ်ခုလုံးသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့နေသည့် အဆင့်လေး အစာအိမ...

အင်္ဂလန်အသင်းခေါင်းဆောင်နှင့် မန်နေဂျာဟောင်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ကီဗင်ကီးဂန်းက ၎င်းတွင် ခန္ဓာကိုယ်တစ်ခုလုံးသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့နေသည့် အဆင့်လေး အစာအိမ်ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ကင်ဆာဝေဒနာ ခံစားနေရကြောင်း မိသားစုက ထုတ်ပြန်ခဲ့ပြီးနောက်၊ မကြာသေးမီက ၎င်းအနေဖြင့် ရက်ပိုင်းသာ အသက်ရှင်တော့မည်ဟူသော ကောလာဟလ သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ကီးဂန်းကိုယ်တိုင် ယခုကဲ့သို့ ထွက်ရှင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် လများကတည်းက ကင်ဆာကုသမှုများကို ဆက်တိုက်ခံယူနေရသော်လည်း ရောဂါအခြေအနေ အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

news-view-count-icon

41