မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဂျပန်နိုင်ငံသား မစ်ဆူအိုကာတိုသည် ဇွန်လ ၃ ရက် (မနက်ဖြန်) တွင် စတင်ကျင်းပမည့် ၃ နိုင်ငံချစ်ကြည်ရေး ဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၅ ဦးစာရင်းကို ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။ အဆိုပါအပြီးသတ်လူစာရင်းတွင် ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ မေထက်လူ၊ စန်းသော်သော်နှင့် မြတ်နိုးခင် စသည့် ဝါရင့်ကစားသမားများ ပြန်လည်ပါဝင်လာသည့်အပြင်၊ ပထမဆုံးအကြိမ် ရွေးချယ်ခံရသည့် မျက်နှာသစ်ကစားသမားအချို့လည်း ပါဝင်လာကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် မနက်ဖြန် ညနေ ၅ နာရီတွင် ဥဇဘက်ကစ္စတန်အသင်းနှင့် သုဝဏ္ဏကွင်း၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Jun 02 • 1:48 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


