ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နွေရာသီကာလ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ဇွန်လအတွင်း လျှပ်စစ်ဝန်အားလျှော့ချ၍ အလှည့်ကျ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအချိန်ဖြစ်သည့် နေ့စဉ် ညနေ ၆ နာရီမှစတင်ကာ ရက်သတ္တပတ်အလိုက် သတ်မှတ်ထားသော ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ နေ့ရက်အလှည့်ကျ စနစ်ဖြင့် ဝန်အားလျှော့ချပေးသွားမည် ဖြစ်သည်။ ယင်းဆောင်ရွက်မှုသည် ဓာတ်အားလိုအပ်ချက် မြင့်မားချိန်တွင် လျှပ်စစ်စနစ်တည်ငြိမ်စေရန်နှင့် ပြည်သူများ မျှတစွာ ဓာတ်အားရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ဝန်အားလျှော့ချဖြန့်ဖြူးမည်
Jun 02 • 1:45 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


