ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန်လ ၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား တွေ့ဆုံအားပေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ကြိုးပမ်းကြရန် မှာကြားကာ အမျိုးသမီးဘော်လီဘောအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် ၂၀ သိန်း၊ ရေကူးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် ၁၅ သိန်းအပြင် ဒဏ်ရာရအားကစားသမားများအတွက် ဆေးဝါးကုသစရိတ်များကိုပါ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင် ဘော်လီဘောနှင့် ရေကူးအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jun 02 • 1:44 PM
မြန်မာ
ကချင်
မျှဝေမည်
| 27 | 0 | 0 | 0 |


