back

မွန်ပြည်နယ်၊ မော်လမြိုင်၌ အဲကွန်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်

Jun 02 • 1:43 PM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ မော်လမြိုင်၌ အဲကွန်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ဇွန်လ ၂ ရက် နံနက်ပိုင်းက အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ဇွန်လ ၂ ရက် နံနက်ပိုင်းက အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဒေသခံလူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်များ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးဖြင့် ဇွန်လ ၁ ရက်မှ ၂၉ ရက်နေ့အထိ တစ်လကြာ လက်တွေ့၊ သီအိုရီစနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23